ပျက်စီးသမျှ Data တွေကိုပြန်ယူပေးမယ့် Software လေးပါ
အခုတလော ကြုံးတွေ့နေရတဲ့
ဖိုင်တွေကိုမလိုအပ်ပဲ မှားဖြတ်မိတဲ့ Data တွေကိုဘယ်လိုပြန်ယူရမလဲဆိုရင်တော့ အလွယ်ကူဆုံးနည်းလေးကို
ပေးလိုက်ပါမယ့်….
အဲဒါကတော့ Recuva လို့အမည်ရတဲ့ Recovery Software လေးပါ။ အချိန်အတိုအတွင်း မိမိ ပျောက်ဆုံးသွားပဲဖြစ်ဖြစ်၊ သတိမထားပဲ ဖျက်မိသွားတဲ့ Pictures, Musics, Documents, Videos, Compressed, Emails, Others စတဲ့ဖိုင်တွေကို ပြန်လည်ရယူပေးမှာဖြစ်ပါတယ်။ ကွန်ပြူတာ၊ ဖုန်း ၊ ကင်မရာ Memory ကဒ်တွေထဲကနေ ပျောက်သွား၊ ပျက်သွားတဲ့၊ ဖျက်သွားမိတဲ့ အချက်အလက်အားလုံးကို ပြန်ယူပေး မယ့် ဆော့ဖ်ဝဲလေးလို့ ဆိုပါတယ်။ ကွန်ပြူတာကနေ ပြန်ယူဖို့က အသုံးပြုလို့လွယ်ကူပါတယ်။ Install လုပ်လို့လည်း လွယ်ကူပါတယ်။ စသုံးမယ်ဆို သူက ပုံကိုလား၊ ဗီဒီယိုကိုလား compressed လုပ်ထားတဲ့ ဖိုင်ကိုလား၊ အခြားလား အစရှိသဖြင့် မေးပါတယ်။ ပြီးရင် နောက်တစ်ဆင့်က ဘယ်နေရာမှာ ရှိသလဲ ဆိုတာကို ထပ်ရွေးခိုင်းပါတယ်။ Recycle Bin မှာလား၊ Data D မှာလား၊ E မှာလား သို့မဟုတ် ဘယ်နေရာကပဲ ဖြစ်ဖြစ်လား ကြိုက်သလို Select လုပ်လို့ ရပါတယ်။ သင်ကဘယ်ဖိုင်နာမည်ကိုမသိဘူး အားလုံးကိုယူချင်တယ် လုံးဝမသေချာဘူးဖြစ်နေရင်တော့ I’m not sure ကို Select လုပ်နိုင်ပါတယ်။ သူက ဖျက်ထားသမျှဖိုင်တွေအတော်များများကိုပြန်လည်ရယူပေးမှာပါ။ ထို့ပြင် Enable Deep Scan ကိုကလစ်ပေးခြင်းဖြင့်လည်း ဖျက်ထားသမျှတော်တော်များများကို ရှာပေးနိုင်ပါတယ်။ ပြီးရင် Software ရဲ့  ရှာဖွေမှုကို Start လုပ်လို့ရပါတယ်။ အဲဒီအထဲကမှသင်လိုချင်တဲ့ဖိုင်ကို ကလစ်ထောက်အမှန်ခြစ်ပေးခြင်းဖြင့် Recover ပြန်လုပ်နိုင်ပါတယ်။ အချိန်တိုအတွင်း မိမိ ပျောက်ဆုံးသွား၊ သတိမထားပဲ ဖျက်မိသွားတဲ့ အချက်အလက်အားလုံးကို ပြန်လည်ဖော်ထုတ်ပေးမှာ ဖြစ်ပါတယ်။

Recuva လို့အမည်ရတဲ့
Recovery Software လေးပဲ ဖြစ်ပါတယ်။ အသုံးပြုကြည့်ပါအဆင်ပြေမယ်လို့မျှော်လင့်ပါတယ်……………
0 comments:
Post a Comment