32x32

Ecolay

I P ကျော်ပီး အကောင့်ဖွင့်နည်း


PTC Site တွေကို IP ကျော်ပီး အကောင့်ဖွင့်နည်း


IP ဆိုတာ ဘာလဲဆိုတော့ Internet Protocol Address ဖြစ်ပါတယ်။ မြန်မာလို ဘာသာပြန်ရရင်တော့ နိုင်ငံတကာ ကွန်ပျူတာ ဆက်သွယ်မှု ကွန်ရက် နားလည်မှု သဘောတူညီချက် လိပ်စာ လို့ အဓိပ္ပါယ် သက်ရောက်ပါတယ်။ မြန်မာပြည်က IP ဟာ 203.81.160.0 ကနေ 203.81.175.255 ကို တရာဝင်ဝယ်ထားတဲ့ IP Address ပါ။ တခြား IP Range တွေလည်းရှိပါသေးတယ်။ ဒါကြောင့် မြန်မာပြည်မှာက IP နည်းတယ်။ ဒီတော့ ပြဿနာက Website တွေမှာ Register လုပ်မယ်ဆိုရင်တော့ IP တူလို့ Sorry IP တို့ Access Denied တွေပြလာတော့ ၀င်မရဘူးပေါ့။ ဒါကြောင့် ကျွန်တော်တို့တွေက နည်းလမ်းလေးရှာပီးတော့ ကျော်ခွပီးတော့ ၀င်ကြမယ်ပေါ့ဗျာ……….

အခုကျနော် FireFox ကနေကျော်နည်းကိုဘဲရေးပြသွားမှာဖြစ်ပါတယ်… တစ်ကယ်လို့ မိမိက Access Denied ဖြစ်နေတဲ့ဆိုဒ်မျိုး.. ဒါမှမဟုတ် မြန်မာ အိုင်ပီ ကိုလက်မခံတဲ့ ဆိုဒ်မျိုးနဲ့ကြုံနေရပြီဆိုပါစို့… အရင်ဆုံးအောက်မှာပေးထားတဲ့ Link ကို ဖွင့်လိုက်ပါ………
 အိုရောက်သွားပီဆိုရင်တော့ အောက်ကပုံကိုကြည့်လိုက်ပါ……………

 
ပုံမှာ အစိမ်းရောင်မြှားထိုးထားတာကတော့ စက္ကန့် .. မိနစ်နဲ့အမျှ အသစ်ထွက်နေတဲ့ နိုင်ငံပေါင်းစုံက Proxy တွေ ထွက်လာတဲ့အချိန်ပါ.. အနီရောင် ပြထားတာတွေကတော့..အမြန်ဆုံး နဲ့ အင်အားအကောင်းဆုံး Proxy တွေဖြစ်ပါတယ်.. ကျနော်တို့ ကျော်ခွတဲ့နေရာမှာ အမြန်ဆုံးနဲ့အင်အားအကောင်းဆုံး အစိမ်းရောင် ဘား နှစ်ဘားလုံး(အစိမ်းရောင်) ဖြစ်သော နိုင်ငံများကိုသာရွေးချယ်ရပါမယ်…..အခုပုံမှာကြည့်မယ်ဆိုရင် အစိမ်းရောင် ဘားနှစ်ဘားလုံးပြည့် ပြီး ထွက်လာတာ 1 မိနစ်နဲ့ 22s ဘဲကြာသေးတဲ့ Russian Federation ဆိုတဲ့ နိုင်ငံရဲ့ Proxy ကိုရွေးချယ်မှာဖြစ်ပါတယ် အစိမ်းရောင်ဘားအင်အားကောင်းလေ..ထွက်လာတဲ့ အချိန်မကြာသေးလေ ဆိုရင်ပိုပြီးကောင်းတာပေါ့..အိုကေ..
ရွေးပြီးပြီဆိုတော့.. Firefox ကိုဖွင့်လိုက်ပါ.. Tools >> Options >>Advanced >>Network>>Settings အဆင့် ဆင့်သွားလိုက်ပါ..


ပြီးတာနဲ့ ရွေးချယ်ထားတဲ့နိုင်ငံရဲ့ IP Address နဲ့ Port ကိုအောက်ပုံမှပြထားတဲ့အတိုင်း ထည့်လိုက်ပါ..ပြီးရင် OK >> OK အဆင့်ဆင့်နှိပ်ထွက်ပြီး Access Denied ဖြစ်နေတဲ့.. သို့မဟုတ် မြန်မာအိုင်ပီကိုလက်မခံတဲ့ Website ကို Loading ပြန်ဆွဲကြည့်လိုက်ပါ..

မှတ်ချက် - Free Proxy သုံးထားတဲ့အတွက်လိုင်းကတော့ အနည်းငယ်နှေးသွားပါ့မယ်။

ဒါဆိုရင် ကိုယ်ဖွင့်မရတဲ့ဆိုဒ်ကို အေးဆေးကျော်သွားနိုင်ပြီပေါ့..တစ်ခါတစ်ရံ Connection has time out
ပြတတ်ပါတယ်..ဒါဆိုရင် အခြား အားကောင်းတဲ့ Proxy တစ်ခုကို လဲသုံးလိုက်ပေါ့..ရကိုရပါတယ်.. ကဲ မိမိကျော်ချင်တာ ခွချင်တာတွေပြီးသွားပြီဆိုရင်တော့ မူလ IP Address တွေမထည့်ခင် Settings ကိုပြန်ထားပေးလိုက်ပါ.. ဥပမာ မိမိက No Porxy သုံးတယ်ဆိုရင် No Proxy ကိုပြန်ထားပေးလိုက်ပါ..အားလုံးဘဲအဆင်ပြေမယ်လို့မျှော်လင့်ပါတယ်..

ဒီနည်းက မြန်မာနိုင်ငံကနေ Facebook Account ဖွင့်ဖို့အတွက်..Gtalk Account ဖွင့်ဖို့အတွက်..စတဲ့ မြန်မာနိုင်ငံမှာ အလွယ်တစ်ကူ လက်မခံသော အရာများကို အကောင်းဆုံးကူညီပေးနိုင်မှာပါ.. 
ကိုယ့်နိုင်ငံအိုင်ပီမဟုတ်ရင်ပီးရောဗျာ.. ကျော်ချင်သလိုသာကျော်..အဆင်ပြေတယ်.. Survery အချို့ကိုလည်းကျော်နိုင်ပါတယ်.. ဥပမာ dollarupload ကိုကျော် နိုင်ပါတယ်..
          အထက်က ကျော်ခွနည်းလေးကိုတော့ MMITHleper မှရေးသားချက်လေးပါ။ ဒီနေရာကနေပဲ Credit ယူလိုက်ပါတယ်။


0 comments:

Post a Comment