Screen
Shot ကိုဘယ်နေရာမှာသုံးဖို့လဲဆိုရင်တော့ ဥပမာ-အခု ကိုယ့်ကွန်ပြူတာမှာ
မြင်နေရတဲ့ ပုံစုံမျိုးကို အွန်လိုင်းက အခြားသူငယ်ချင်း တစ်ယောက်ကို ပြချင်ပါတယ်ဆိုရင်
မော်နီတာကြီးကို ဓါတ်ပုံရိုက်ပြီး ပို.စရာမလိုပါဘူး။ ဒါမျိုးလေး စမ်းလုပ်ကြည့်ပါ။
Ctrl + PrintSc SysRq ဆိုတဲ့ ကီးလေး နှစ်ခုကို နှိပ်လိုက်ရင် အခုလက်ရှိ မော်နီတာမှာ
မြင်နေရတဲ့ မြင်ကွင်းကို ကော်ပီကူးလိုက်တဲ့ ပုံစံ ပါပဲ။ အဲဒီလို ကော်ပီကူးထားတဲ့ ပုံကို
Paint ထဲမှာ သွားပြီး Paste လုပ်ပေးရပါမယ်။ Paint ကိုသွားဖို.ရာ start => Run
Box ကိုဖွင့်ပါ။ Run Box ထဲတွင် mspaint ဆိုပြီး Enter ခေါက်ပါ။ Paint Application
ပွင့်လာပြီဆိုရင် ဘာမှလုပ်စရာမလိုဘူး Ctrl + V ဆိုပြီး paste လုပ်ပါ။ အစောက Print
Scan လုပ်ခဲ့တဲ့ပုံပေါ်လာလိမ့်မယ်။ ပြီးရင် မိမိကြိုက်နှစ်သက်သောဖိုင်အမျိုးအစားအလိုက် Save လိုက်ပါ။ ဒီထက်ပိုပြီပြင်ချင်တယ်၊ ဖြတ်ချင်တယ်ဆိုရင်တော့ အဲဒီပုံလေးကို မိမိကွန်ပျူတာမှာရှိတဲ့ Photoshop Program နဲ့ ပြင်ဆင်လို့ရပါတယ်။ အားလုံးအဆင်ပြေမယ်လို့မျှော်လင့်ပါတယ်……မိမိ Computer မြင်ကွင်းကို Screen Shot ယူနည်းလေးပါ
Posted by
မလှိုင်သား (နည်းပညာ)
at
12:31:00 PM
Friday, May 17, 2013
Labels:
ကွန်ပျူတာအခြေခံနည်းပညာများ
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment