32x32

Ecolay

အရေးကြီးတဲ့ Data တွေကို တစ်ပါးသူမသိအောင် ကွက်ဝှက်နည်း


အရေးကြီးတဲ့ Data တွေကို တစ်ပါးသူမသိအောင် ကွက်ဝှက်နည်း

How to Hide Your Important Data


ကျွန်တော်တို့ဟာ ကိုယ့်ရဲ့အရေးကြီးတဲ့ Data File တွေကို တစ်ပါးသူများမမြင်သာအောင်ကွက်ဝှက်မယ်ဆိုရင် အရင်ဆုံး မိမိ၏ အရေးကြီး Data များ ထည့်သွင်းထားသော Folder ၏ အမည်ကို Blank ထားပါမည်။ ကွန်ပျူတာမှာ ပုံမှန်အတိုင်းဆိုရင် Folder အမည်ကို Blank ထားလို့မရပါဘူး။ ဒါပေမယ့်ကြံရမယ်လေ…… တွေ့လိုက်ပါပြီ…………..အောက်မှာလုပ်ကြည့်နော်…….တကယ်မိုက်တယ်ဗျ………….
Data များ ထည့်သွင်းထားသော Folder ပေါ်မှာ Right Click နှိပ်ပြီး Rename ပြောင်းရပါမယ်။ အမည်မှာ Blank ထားနိုင်ဖို့အတွက် Keyboard ကနေ Alt+0160 လို့ရိုက်ထည့်လိုက်။ ဒီနေရာမှာတစ်ခုပြောချင်တာက 0160 က Keyboard မှ Number Key တွေပါ။ အပေါ်မှာရှိတဲ့ Key တွေကိုနှိပ်ရင်တော့မရပါဘူး။ ဘယ်လိုလဲ အမည်မပါတဲ့ Folder တစ်ခု ရပြီ မလား။ အောက်ကပုံအတိုင်းပါနော်………. နာမည်မရှိတော့ဘူး…..တွေ့လား…

ဒီအဆင့်မှာ အိုကေတယ်ရှေ့ဆက်သွားမယ်။ နာမည်မရှိတော့တဲ့ Folder ရဲ့ icon ကို ချိန်းမယ်။ Folder ပေါ်မှာ right click နှိပ် Properties ကိုရွေး။ Customize Tab ထဲက Change Icon မှာနှိပ်။ ရွေးချယ်စရာတွေထဲကမှ ပုံမှာပြထားတဲ့အတိုင်း ဘာမှမမြင်ရတဲ့ Blank Icon ကိုရွေးပါ။ ပြီးရင်တော့ OK နဲ့ထွက်ပါ။ Apply ပြီး OK ပါ။


အခုလိုလုပ်လို့ပြီးသွားပြီဆိုရင်တော့ ကိုယ့်ရဲ့ Data Folder လေးကို ဘယ်သူမှမမြင်နိုင်တော့ပါဘူး။ မိမိဘာသာမှတ်ထားနော်………………..
အခုလုပ်ထားတဲ့ Hidden Folder လေးကိုနော်................





0 comments:

Post a Comment