32x32

Ecolay

Window 7 Task Bar Clock မှာ မိမိနာမည်လေးပေါင်းထည့်ခြင်း


Window 7 Task Bar Clock မှာ မိမိနာမည်လေးပေါင်းထည့်ခြင်း

How To Display Anything (Your Name Or Any Message) In The Task-bar Clock

ကျွန်တော်တို့တွေရဲ့ကွန်ပျူတာကြီးကို Microsoft ကထုတ်လိုက်တာကြီးကိုပဲ နေ့တိုင်းကြည့်နေရတာ ကြာတော့လည်း ရိုးလာသလိုပဲနော်… ဒါကြောင့်နည်းနည်းလေးဆန်းလာအောင်လို့ နည်းလမ်းရှာပြီးတော့ ပြင်ဆင်ကြမယ်ဗျာ….. အခုနည်းလေးကတော့ Window 7 ရဲ့ Task Bar မှာပါတဲ့ နာရီလေးမှာ မိမိနာမည် ဒါမှမဟုတ် စာတိုလေးတစ်ခုကိုရေနည်းလေးပါ….. စမယ်နော်…… ပုံလေးတွေနဲ့ပါလွယ်တယ်…….. ကျွန်တော်ပြောချင်တာကအောက်ကပုံလေးလိုပါ…….






Window 7 ရဲ့ Start Button မှ Control Panel ကိုသွားပါမယ်။ Control Panel ကိုရောက်ပြီဆိုရင်တော့
ထိုအထဲကမှ Region and language ဆိုတာကိုရွေးလိုက်ပါ။



Region and language Box ကျလာပြီဆိုရင်တော့ Additional Settings… ကို Click လိုက်ပါ……..




Customize Format Box ကျလာပါလိမ့်မယ်။ Time Tab ကို Click လိုက်ပါ။ 



ကျလာသည့်ဘောက်စ်ထဲမှ AM symbol & PM symbol Box ထဲတွင် မိမိနာမည်ကိုရေးပါ။ AM symbol box ထဲမှာရေးသောစာသည် AM အချိန်တွင်ပြသပြီး၊ PM symbol box တွင်ရေးသောစာသည် PM အချိန်တွင်ပြသပါမည်။ ကျွန်တော်ကတော့ နာမည်တစ်ခုကိုပဲနှစ်ချိန်စလုံးမှာပြသစေချင်သည့်အတွက် နာမည်တစ်ခုကိုပဲရေးလိုက်ပါတယ်…………..




နာမည်ရေးပြီးပြီဆိုရင်တော့ Apply ကို Click ပြီး OK လုပ်လိုက်ပါ။ OK ထပ်လုပ်လိုက်ပါ နောက်တစ်ခုကိုလည်း။ ဒါဆိုရင်တော့ ဒီအတိုင်းလေးပေါ်နေပါမယ်နော်…………..



 အဆင်ပြေတယ်မို့လား..........နည်းနည်းလန်းလာပြီနော်......ကွန်ပျူတာကြီးက..........






0 comments:

Post a Comment