32x32

Ecolay

Window 7 မှာ ဓါတ်ပုံတွေကို အလွယ်တကူ Resize ပြုလုပ်ခြင်း




Window 7 မှာ ဓါတ်ပုံတွေကို အလွယ်တကူ Resize ပြုလုပ်ခြင်း

Easy Photo resize in Window 7 without outsize software

ကျွန်တော်တို့တွေ အွန်လိုင်းပေါ်ကို ဓါတ်ပုံတွေကို အလွယ်တကူ upload လုပ်နိုင်ဖို့အတွက် မိမိတင်ချင်သောဓါတ်ပုံကို Re-size ပြုလုပ်ရပါမယ်။ အခုလို Re-size ပြုလုပ်တဲ့အခါမှာလည်း မိမိဓါတ်ပုံကို Quality ကျမသွားအောင်ပြုလုပ်ဖို့လည်း ဂရုစိုက်ရပါမယ်။ ဒါကြောင့်လွယ်လွယ်ကူကူနဲ့ Re-size ပြုလုပ်နိုင်တဲ့ Software ကောင်းတစ်ခုလိုအပ်ပါတယ်။ ဒါဟာလည်းမခက်ပါဘူး……. Microsoft ကတစ်ခါတည်း Window 7 မှာထည့်ပေးထားတဲ့ Microsoft Office Picture Manager ကိုသုံးပြီး Re-size ပြုလုပ်မယ်……….


ဒီပုံနှစ်ခုကိုယှဉ်ကြည့်မယ်ဆိုရင်တော့ ပုံရဲ့ Size ဟာ တော်တော်ကွာသွားပါတယ်။ မူလပုံအတိုင်း upload လုပ်မယ်ဆိုရင်တော့ အနည်းငယ်အချိန်ပေးရမယ် ဒါမှမဟုတ် ကန့်သတ်ချက်ရှိနေတဲ့ web တွေမှာဆို  upload လုပ်လုပ်လို့အဆင်မပြေနိုင်ပါဘူး။ ဒါကြောင့် Re-size ပြုလုပ်ပြီး လွယ်လွယ် upload လုပ်ကြမယ်….စပြီ….

          မိမိ Re-size ပြုလုပ်ချင်သောပုံပေါ်မျာ Right Click ထောက်ပြီး Open with မှ Microsoft Office Picture Manager ကိုရွေးလိုက်ပါ…….



ထိုအခါ Microsoft Office Picture manager Application ကျလာပါလိမ့်မယ်……… 


Title Bar ရှိ Picture မှ Re-size…. ကိုရွေးလိုက်ပါ…………..ထိုအခါ ညာဘက်ဘေးမှာ Re-size Box ကျလာပါလိမ့်မယ်………..



ပုံထဲမှာပြထားတဲ့အတိုင်းပဲ မူလအတိုင်းရှိချင်တယ်ဆိုရင်တော့ Original size ကို ရွေးလိုက်ပါ။ Application ကသတ်မှတ်ထားတဲ့ Size အတိုင်းရှိစေချင်ရင်တော့ Predefined width x height: ကိုရွေးလိုက်ပါ။ မိမိစိတ်ကြိုက် Width & Height တွေကို သတ်မှတ်ချင်တယ်ဆိုရင်တော့ Custom width x height: ကိုရွေးပါ။ ကျွန်တော်ကတော့ Percentage(%) နဲ့ Re-size လုပ်ရတာကိုသဘောကျလို့ % နဲ့ပဲ လွယ်လွယ် Re-size လုပ်ပြပါမယ်။ ထို့ကြောင့် Percentage of original width x height: ကိုရွေးလိုက်ပါတယ်။ ထို့နောက် % box ထဲတွင် ပုံကိုတစ်ဝက်လောက်ချုံ့ချင်သည့်အတွက် 50 ကိုရိုက်ထည့်လိုက်ပါတယ်။ (သည်နေရာမှာ ပြောချင်တာက ပုံရဲ့ Resolution ဘယ်လောက်ရှိတယ်ဆိုတာကို သိချင်ရင် အောက်မှာရှိသော Size setting summary မှာကြည့်လိုက်ပါ။ Original size ကတော့ မူလပုံပါ Resolution ပါ။ New size ကတော့ ကျွန်တော်သတ်မှတ်လိုက်တဲ့ 50% ပြုလုပ်မယ့်ပုံရဲ့ Resolution ပါ) ။ OK ပေးလိုက်ပါ။ ဒါဆိုရင်တော့ Re-size လုပ်ထားတဲ့ပုံလေးဖြစ်သွားပါလိမ့်မယ်။ ပြီးတော့ Save လိုက်ပါ………


Save လုပ်ပြီးပြီဆိုရင်တော့ ပိတ်လိုက်လို့ရပါပြီ။ ပြင်ဆင်ထားတဲ့ပုံလေးပေါ်ကိုသွားကြည့်လိုက်ပါ…….





 
ပုံဟာအတော်လေးကို Size သေးသွားတာတွေ့ရပါလိမ့်မယ်…..ဒါဆိုရင်တော့ Facebook ပေါ်မှာ Post တင်တဲ့အခါမှာ မြန်မာနိုင်ငံရဲ့ Connection နဲ့တောင် Error ကျမှာမဟုတ်ပါဘူး………..


0 comments:

Post a Comment